migrants
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဒုက္ခသည်အရေး အီးယူခေါင်းဆောင်တွေ ဆွေးနွေး

  • 23 စက်တင်ဘာ 2015

ဥရောပတိုက်ဆီ ပြေးလာကြတဲ့ ရွေ့ပြောင်းနေထိုင်သူ ဒုက္ခသည်ပေါင်း ၁ ၂၀၀၀၀ ကို နေရာချထားပေးဖို့ အတွက် အီးယူခေါင်းဆောင်တွေ ဘရပ်ဆဲလ်မြို့မှာ ဆွေးနွေးနေကြပါတယ်။ ဒါပေမယ့် စလိုဗေးနီးယားကတော့ သူတို့ကို ဘယ်လောက် ယူရမယ်ဆိုပြီး ခွဲပေးလာမယ့် ဟာမျိုးကို လက်ခံမှာ မဟုတ်ကြောင်း လိုအပ်ရင် ဥရောပ တရားရုံးကနေ ရင်ဆိုင်သွားမယ့် အကြောင်းပြောထားပါပြီ။

အဲဒီလို အဖြေရှာမရ ဖြစ်နေစဉ်မှာ နောက်ထပ် ရွေ့ပြောင်းနေထိုင်သူတွေ ဂရိက လက်စ်ဘော့စ်ကျွန်းကို ထပ်ရောက်လာ နေဆဲဖြစ်ပါတယ်။ လျော့သွားမယ့်အရိပ်အယောင်လဲ မမြင်ရသေးပါဘူး။

နောက်ပြီး ရွေ့ပြောင်းသူတွေကို လက်ခံကြိုဆိုခဲ့တဲ့ ဂျာမနီလည်း အခုတော့ ဝန်နဲ့အားမမျှ ဖြစ်လာနေပြီဖြစ်ပါတယ်။ အဲဒီက အခြေအနေတွေကိုမမေစန္ဒီပြောပြပါလိမ့်မယ်။