_kunduz_afghanistan
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ခွန်ဒုစ် ဆေးရုံတိုက်ခိုက်ခံရမှု စုံစမ်းဖို့ MSF ပြော

  • 5 အောက်တိုဘာ 2015

နယ်စည်းမခြား ဆရာ၀န်များ အဖွဲ့ MSF က အာဖဂန်နစ္စတန် နိုင်ငံက ခွန်ဒူးစ်မှာ ရှိတဲ့သူတို့ အဖွဲ့ရဲ့ ဆေးရုံ ဗုံးကြဲ တိုက်ခိုက်ခံခဲ့ ရတာနဲ့ ပတ်သက်လို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့အတွက် တောင်းဆိုလိုက်ပါတယ်။

အဲဒီတိုက်ခိုက်ခံရမှုကြောင့် ဆေးရုံဝန်ထမ်းတွေအပါအဝင် လူပေါင်း ၂၂ ဦးသေဆုံးခဲ့ရပါတယ်။

အမေရိကန် အစိုးရကတော့ စနေနေ့က ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုအကြောင်း အပြည့်အဝ စုံစမ်းစစ်ဆေးသွားမယ်လို့ ပြောပါတယ်။ အာဖဂန်တပ်တွေအကူအညီတောင်းလို့ သူတို့ ပစ်ကူပေးခဲ့ရတာလို့ အမေရိကန်တွေဖက်က ပြောပါတယ်။

ဘီဘီစီက အဲဒီဗုံးကြဲမှုမှာ အသက်မသေပဲ လွတ်မြောက်လာသူတွေကို တွေ့ဆုံးမေးမြန်းနိုင်ခဲ့ပါတယ်။ ကိုမင်းထက် ဆက်ပြောပြမှာပါ။