_turkey_blasts_
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တူရကီ ဆန္ဒပြပွဲ ဗုံးခွဲမှု တရားခံ ဖော်နိုင်တော့မယ်

  • 12 အောက်တိုဘာ 2015

စနေနေ့က တူရကီမှာအစိုးရနဲ့ ကာ့ဒ် သူပုန်တွေအကြား တိုက်ခိုက် နေကြတာက ိုရပ်တန့်ဖို့ တောင်းဆိုတဲ့ ဆန္ဒပြ ချီတက်ပွဲမှာအသေခံဗုံးခွဲတိုက်ခိုက်ခံခဲ့ရလို့ လူပေါင်း ၁၀၀ နီးပါး သေဆုံးခဲ့ရပါတယ်။ အခုတော့ တိုက်ခိုက်မှုကို ကျူးလွန်ခဲ့သူ၂ ဦးထဲက တဦး ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ဖော်ထုတ်နိုင်ဖို့နီးပြီလို့ တူရကီ ဝန်ကြီးချုပ်က ပြောပါတယ်။ အကြောင်းစုံကို တူရကီ ဝန်ကြီးချုပ်အာမက် ဒါဗူတိုဂလူက ရုပ်မြင်ကနေတဆင့်ပြောခဲ့တာ ဖြစ်ပြီး ဒီအန်အေ စစ်ဆေးမှုတွေရဲ့အဖြေတွေကိုစောင့်နေတဲ့အကြောင်းနဲ့ အစ္စလာမ်မစ်နိုင်ငံအဖွဲ့နောက်ကွယ်မှာ စီစဉ်ခဲ့တာဖြစ်မယ်လို့သံသယရှိကြောင်းပြောခဲ့ပါတယ်။ ကိုမင်းထက်က ပြောပြမှာပါ။