mh17
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

MH 17 ဒုံးကျည်နဲ့ ပစ်ချခံခဲ့ရ

  • 13 အောက်တိုဘာ 2015

မလေးရှား လေကြောင်းရဲ့ MH 17 လေယာဉ် ယူကရိန်းပေါ်မှာ ပစ်ချခံခဲ့ရတာနဲ့ ပတ်သက်လို့ ဒတ်ချ် စုံစမ်းစစ်ဆေးသူတွေရဲ့ အစီရင်ခံစာ ထွက်လာပါပြီ။

အဲဒီထဲမှာတော့ ယူကရိန်း အရှေ့ပိုင်းက သူပုန်တွေ ထိန်းချုပ်ထားတဲ့နယ်မြေပေါ်မှာရုရှားလုပ် ဘုခ် မြေပြင်မှ ဝေဟင်ပြစ် ဒုံးကျည်နဲ့ ပစ်ချခံခဲ့ရတာလို့ ဆိုထားပါတယ်။

အမ်စတာဒမ်ကနေ ကွာလာလမ်ပူကို ပျံသန်းလာတဲ့ဒီလေယာဉ်ပေါ်မှာ ခရီးသည်ပေါင်း ၂၉၈ ဦး ပါလာခဲ့ပြီး အကုန်သေဆုံးခဲ့ရပါတယ်။ ဒါပေမယ့် ဒီဒုံးကျည်ကို ဘယ်သူကပစ်တယ်ဆိုတာကိုတော့ မစုံစမ်း ခဲ့တာကြောင့် ဒါနဲ့ပတ်သက်လို့ မေးခွန်းတွေက ရှိနေဆဲပါ။

ဒီအစီရင်ခံစာက ဘာတွေဖော်ထုတ်နိုင်ခဲ့သလဲ ကြည့်ရအောင်ပါ။ မမေစန္ဒီက ပြောပြမှာပါ။