israel_violenc
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အစ္စရေးမှာ စစ်တပ်က လုံခြုံရေး တာဝန်ယူပြီ

  • 14 အောက်တိုဘာ 2015

အစ္စရေးမှာ မကြာခင်ရက်ပိုင်းတွေအတွင်းက ပါလက်စတိုင်းတွေရဲ့ တိုက်ခိုက်မှုတွေကို ဖြေရှင်းနိုင်ဖို့ အတွက် စစ်တပ်ကိုပါ တာဝန်ပေးလိုက်ပြီဖြစ်ပါတယ်။

ဂျေရုဆလင်အရှေ့ခြမ်းမှာဆို လည်း ပါလက်စတိုင်းတွေနေတဲ့နေရာတွေမှာ ကင်းစခန်းတွေ ချထားပြီဖြစ်ပါတယ်။ နောက်ပြီး တိုက်ခိုက်မှု တွေလုပ်ခဲ့တဲ့ ပါလက်စတိုင်းတွေရဲ့ နေအိမ်တွေကိုလည်း ဖြိုဖျက်ဖို့ ရဲတွေကို အစိုးရက လုပ်ပိုင်ခွင့်ပေးထားပြီဖြစ်ပါတယ်။

အင်္ဂါနေ့က ဂျေရုဆလင်မှာ သွေးအစွန်းဆုံး တိုက်ခိုက်မှုတွေ ဖြစ်ခဲ့အပြီးမှာ အခုလို လုပ်ဖို့အစ္စရေး အစိုးရက ဆုံးဖြတ်ခဲ့တာပါ။ ဒီလဆန်းက စပြီး ဂျရုဆလင်မြို့ဟောင်းနားက ဘာသာရေး အဆောက်အအုံတွေတဝိုက်မှာ တိုက်ခိုက်မှုတွေ စဖြစ်လာခဲ့တာပါ။

အဲဒီဘာသာရေးအထွတ်အမြတ်နေရာတွေ ရဲ့နောက်ခံသမိုင်းတွေကိုတော့ ကိုရင်မောင်ဆက်ပြောပြမှာပါ။