တနိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုး

  • 15 အောက်တိုဘာ 2015
nca_signning
Image caption အပစ်ရပ်ဖို့ လက်မှတ်ထိုးကြ

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် (NCA)ကို မြန်မာ အစိုးရ နဲ့ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့တို့ အောက်တိုဘာလ ၁၅ ရက်၊ ကြာသပတေးနေ့ မှာ နေပြည်တော်မှာ လက်မှတ် ရေးထိုး လိုက်ပါတယ်။

လက်မှတ် ရေးထိုးတဲ့ အဖွဲ့တွေ ကတော့ ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ပအိုဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)၊ ကျောင်းသား တပ်မတော် (ABSDF) ALP ၊ DKBA နဲ့ KNU/KNLA-PC အဖွဲ့တို့ဖြစ်ပါတယ်။

လက်မှတ် ရေးထိုးပွဲမှာ သက်ဆိုင်ရာ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ အတူ အစိုးရဘက်က နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ လွှတ်တော်ဥက္ကဌ နှစ်ဦး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချူပ်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ရှေ့နေချုပ်တို့ တက်ရောက် လက်မှတ် ရေးထိုးခဲ့ပါတယ်။

မြန်မာ သမ္မတ ဦးသိန်းစိန်ကတော့ လက်မှတ် မထိုးသေးတဲ့ အဖွဲ့တွေနဲ့လည်း ဆက်လက် ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။

အသိသက်သေ အဖြစ် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အိမ်နီးချင်းနိုင်ငံတွေက ကိုယ်စားလှယ်တွေနဲ့ အတူ ပြည်တွင်းက နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ တက်ရောက် လက်မှတ်ရေး ထိုးခဲ့ကြပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်တို့က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြ ပေမယ့် စာချုပ်မှာတော့ လက်မှတ် မရေးထိုးခဲ့ ကြပါဘူး။