tibet
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တရုတ်ရဲ့ တိဘက်က လူ့အခွင့်အရေး အခြေအနေ

  • 21 အောက်တိုဘာ 2015

ယူကေကို ရောက်ရှိနေတဲ့ တရုတ် သမ္မတ ရှီကျင်ပင်းဟာဒီနေ့ ခရီးစဉ် ဒုတိယမြောက်နေ့အဖြစ် ဆက်လက် လည်ပတ်နေပါတယ်။

အင်္ဂါနေ့ ညနေပိုင်းက ဘာကင်ဟမ်နန်းတော်မှာ တည်ခင်းခဲ့တဲ့ ညစာစားပွဲမှာ တော်ဝင်မိသားစုဝင်တွေနဲ့အတူ နိုင်ငံရေးခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ဗုဒ္ဓဟူးနေ့မှာတော့ သမ္မတ ရှီနဲ့ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းတို့ တွေ့ဆုံကြပြီး ဒေါ်လာ ၄၆ ဘီလျံတန် စီးပွားရေး စာချုပ်တွေချုပ်ဆိုကြဦးမှာပါ။

ဒီလို ဆက်ဆံရေးတွေကောင်းနေပေမယ့် လည်းတဘက်မှာ တရုတ်ရဲ့ တိဘက်ဒေသတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက်လည်းစိုးရိမ်မှုတွေရှိနေကြပါတယ်။

ဘယ်လို စိုးရိမ်မှုမျိုးတွေလဲ။ ကိုရင်မောင်က ပြောပြမှာပါ။