quake
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ငလျင်ဒဏ်ခံ ဒေသတွေဆီ ကယ်ဆယ်ရေးတွေ သွားဖို့ခက်

  • 27 အောက်တိုဘာ 2015

ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်တို့မှာပြီးခဲ့တဲ့တနင်္လာနေ့က မြေငလျင်ဒဏ်ခံခဲ့ရတဲ့ဒေသတွေဆီကို ကယ်ဆယ်ရေးအဖွဲ့တွေသွားရောက်ဖို့အခက်အခဲတွေနဲ့ကြုံနေရပါတယ်။

အာဖဂန်နစ္စတန်မှာတော့ ငလျင်ကြောင့် အဆောက်အအုံပြိုကျရာမှာသေဆုံးခဲ့ရတဲ့ ကျောင်းသူလေး ၁၂ ဦးရဲ့ အသုဘချခဲ့ကြပြီဖြစ်ပါတယ်။

ငလျင်ကြောင့် သေဆုံးသူ ပေါင်း ၃၅၀ ကျော်ရှိပြီး အများစုဟာ ပါကစ္စတန်က ဖြစ်ကြပါတယ်။

ပါကစ္စတန်ဝန်ကြီးချုပ် နာဝပ်ရှရစ်ကလည်း ဘေးသင့်ခဲ့တဲ့ဒေသတွေဆီအရောက်သွားမယ်လို့ ဆိုပါတယ်။ အဲဒီက အခြေအနေတွေကိုမမေစန္ဒီက ပြောပြပါလိမ့်မယ်။