Syria
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဆီးရီးယားအရေး နိုင်ငံကြီးတွေ ဆွေးနွေး

  • 30 အောက်တိုဘာ 2015

ဆီးရီးယား ပဋိပက္ခ နဲ့ပတ်သက်လို့ ဆွေးနွေးဖို့ အမေရိကန်၊ ရုရှား၊ တူရကီ၊ ဆော်ဒီအာရေးဗျ၊ နဲ့ အီရန်နိုင်ငံတိုက အကြီးအကဲတွေ ဗီယာနာမြို့ကို ရောက်ရှိနေကြပါတယ်။ တဖက်မှာတော့ အကြမ်းမှုတွေက ဆက်ဖြစ်နေပါတယ်။

အစောပိုင်းသတင်းတွေအရ ဒမတ်စကဒ်မြို့နားက သူပုန်တွေ ထိန်းချုပ်တဲ့ ဒူမားမှာ ဆီးရီးယားအစိုးရတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် လူ၄၀ကျော်သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဲဒီက စျေးကို ဒုံးကျည်တစင်းကျရောက်ခဲ့တယ်လို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။

အခုတကြိမ် ပြုလုပ်တဲ့ ညှိနှိုင်းမှုဟာ ဆီးရီးယားမှအပ သက်ဆိုင်ရာနိုင်ငံတွေ အားလုံး ပါဝင်တဲ့ ပထမဆုံးအကြိမ် ဆွေးနွေးမှုဖြစ်ပါတယ်။ ဒါပေမယ့် အခုကိစ္စမှာ အားလုံးရဲ့အမြင်တွေက တမျိုးစီကွဲနေတာ့ အဖြေတခု ထွက်လာနိုင်မလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ဦးကိုကိုအောင်က ပြောပြမှာပါ။