သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်အတွေးဆွေးနွေးဖလှယ် ရွေးကောက်ပွဲတည်ငြိမ်အေးချမ်းရေး

  • 31 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption လွှတ်တော် ကိုယ်စားလှယ် ကိုနိုင်ငံလင်း ဒဏ်ရာ အပြင်း အထန် ရရှိ

နားဆင်နိုင်ပါပြီ။

ရွေးကောက်ပွဲ ကျင်းပဖို့ နီးလာတာနဲ့ အမျှ မဲဆွယ် မှုတွေ ဟာလည်း အကြိတ် အနယ် ရှိလာ နေပြီး တချို့ ပါတီ တွေဟာ တိုက်ခိုက် ခံရမှု နဲ့ နှောင့်ယှက် ခံရ တာတွေ လည်း ရှိနေ ပါတယ်။

ဒီအတွက် ပါတီတွေ အကြား ထိပ်တိုက်တွေ့ ကြပြီး၊ ပဋိပက္ခ ဖြစ်လာ နိုင်တာကြောင့် ကိုယ်စားလှယ် လောင်းတွေ အနေနဲ့ ထိန်းထိန်း သိမ်းသိမ်း မဲဆွယ် ဆောင်ရွက်ကြဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတိပေး ကြေညာချက် ထုတ်ပြန် လိုက် ပါတယ်။

အောက်တိုဘာ ၂၉ ရက်နေ့က ဆိုရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အန်အဲလ်ဒီ ရဲ့ သာကေတ မြို့နယ်တွင်း စည်းရုံးရေး လုပ်ဆောင် နေစဉ် ဓားနဲ့ တိုက်ခိုက် ခံရလို့ လွှတ်တော် ကိုယ်စားလှယ် ကိုနိုင်ငံလင်း ဒဏ်ရာ အပြင်း အထန် ရရှိသွား ပါတယ်။

ဒီအတွက်ကြောင့် ရွေးကောက်ပွဲ တည်ငြိမ်စွာ ကျင်းပရေးကို မထိခိုက် စေရအောင် ဘာတွေ ဆောင်ရွက်ဖို့ လိုသလဲ ဆိုတာကို သောတရှင် တို့ ကိုယ်တိုင် ဆွေးနွေး ခဲ့ကြ တာပါ။

သာကေတ မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ ဝေဖြိုးအောင် က ပင်တိုင် ပါဝင် ဆွေးနွေး ခဲ့ကြပါတယ်။

ပါဝင် ဆွေးနွေး ခဲ့သူ တွေရော၊ မပါ လိုက်ရတဲ့ သူတွေပါ မကျန် ဘီဘီစီ ပရိသတ် အားလုံးကို ကျေးဇူး အထူး တင်ရှိ ပါတယ်။