egypt
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အီဂျစ် ဒီမိုကရေစီလမ်းကို လျှောက်နေပြီ

  • 4 နိုဝင်ဘာ 2015

အီဂျစ်က ဆိုင်းနှိုင်းကျွန်းစွယ်မှာ အသေခံဗုံးခွဲတိုက်ခိုက်ခံရလို့ လူ၃ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။ ဖောက်ခွဲရေးပစ္စည်းတွေတင်လာတဲ့ကားကို ရဲရိပ်သာထဲကို မောင်းဝင်ဖောက်ခွဲခဲ့တာပါ။ အစ္စလာမ်မစ်နိုင်ငံအဖွဲ့ကဒါ သူတို့လက်ချက်လို့ ဆိုထားပါတယ်။ အဲဒီဆိုင်းနိုင်းမှာ အစ္စလာမ်မစ်တွေရဲ့တိုက်ခိုက်မှုတွေကြောင့်စစ်သားနဲ့ရဲ တွေ ရာနဲ့ချီသေဆုံးခဲ့ရပြီးလည်း ဖြစ်ပါတယ်။

အီဂျစ်သမ္မတ ကတော့ လည်း အီဂျစ်ဟာ ဒီအစွန်းရောက်တွေရဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရပြီး သူ့အိမ်နီးချင်းနိုင်ငံတွေလို ပြိုလဲမှာကိုစိုးရိမ်တယ်လို့ ဘီဘီစီနဲ့တွေ့ဆုံရာမှာပြောခဲ့ပါတယ်။ ပြီးတော့ သူ့ တိုင်းပြည်ဟာ အခုဆို ဒီမိုကရေစီခရီးလမ်းကို လျှောက်လှမ်းနေပြီလို့ ဆိုပါတယ်။

ဘီဘီစီ နိုင်ငံတကာ သတင်းထောက်ချုပ် လိစ္စ ဒူးဆက်နဲ့ တွေ့ဆုံရာမှာ သူဘာတွေပြောခဲ့သလဲ ဆက်ရှုစားရအောင်ပါ။