_aung_san_suu_kyi_
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ရွေးကောက်ပွဲမှာ NLD အခြေအနေကောင်း

  • 9 နိုဝင်ဘာ 2015

မြန်မာနိုင်ငံမှာ ၂၅ နှစ်အတွင်း ပါတီအများအပြား ဝင်ရောက် ယှဉ်ပြိုင်ကြတဲ့ ၂၀၁၅ ရွေးကောက်ပွဲကြီးရဲ့ ရလဒ်အဖြေတွေ တစစနဲ့ စထွက်လာနေပါပြီ။

လက်ရှိအချိန်အထိ သိရသမျှ ရလဒ်တွေအရတော့ အတိုက်အခံ ပါတီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် က ရန်ကုန်တိုင်း

အတွင်း၂၇ နေရာမှာ အနိုင်ရထားပါပြီ။

တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင်လည်း ၇၀ ရာခိုင်နှုန်းနိုင်မယ်လို့ ပါတီဘက်က ဆိုထားပါတယ်။ ဒါပေမယ့် မဲရေတွက်မှုတွေက ခုထက်ထိ မပြီးသေးပါဘူး။ နောက်ထပ်ထွက်လာမယ့် အဖြေတွေကို ဆက်စောင့်ရဖို့ ရှိပါတယ်။ မမေစန္ဒီက ဆက်ပြောပြမှာပါ။