သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်အတွေးဆွေးနွေးဖလှယ် ရွေးကောက်ပွဲအထူး

  • 10 နိုဝင်ဘာ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption တိုင်းပြည်မှာ ဘယ်လို အပြောင်း အလဲတွေ ဖြစ်လာ ဖို့ကို မျှော်လင့် နိုင်နေ ပြီလဲ

ရွေးကောက်ပွဲ အထူး အစီ အစဉ် တခု အနေနဲ့ လွတ်လပ် အတွေး ဆွေးနွေး ဖလှယ် အစီ အစဉ်ကို မဲဆန္ဒရှင် တွေရဲ့ ဆန္ဒကို ထင်ဟပ် ဖေါ်ထုတ် ပေးတဲ့ အစီ အစဉ် တခု အနေနဲ့ တင်ဆက်ပေး ထားပါတယ်။

ရွေးကောက်ပွဲ ရလဒ်တွေ ဆက်တိုက် ဆိုသလို ထွက်ရှိ လာ နေရာမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အန်အဲလ်ဒီ က ရှေ့ကနေ ဦးဆောင် နေပါပြီ။ ဒီအတွက် လာမယ့် အစိုးရ သစ်မှာရော လွှတ်တော် တွေ မှာပါ အန်အဲလ်ဒီက ဦးဆောင် မယ့် အခန်း ကဏ္ဍ မှာ ရှိနေ ပါပြီ။

ဒီတော့ တိုင်းပြည်မှာ ဘယ်လို အပြောင်း အလဲ ဖြစ်လာဖို့ကို မျှော်လင့် နိုင်နေ ပြီလဲ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အဲလ်ဒီ အနေနဲ့ တိုင်းပြည် အတွက် ဘာတွေကို အဓိက ထား ဆောင်ရွက် သင့်တယ်လို့ ယူဆ ပါသလဲ။

သောတရှင်တို့ ရဲ့ ရင်ထဲက ဆန္ဒတွေ နဲ့ အတူ ထင်ဟပ်အောင် တင်ဆက် ပေးထား ပါတယ်။

ပင်တိုင် ဆွေးနွေးပေးသူ တွေကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အန်အဲလ်ဒီ မန္တလေးတိုင်း လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဌ ဒေါ်ဝင်းမြမြ၊ တခါ အာရှ လူ့ အခွင့် အရေး ကော်မရှင် ရဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ တာဝန်ခံ ကိုမင်းလွင်ဦး တို့ဖြစ်ကြ ပါတယ်။