eritrea migrants
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အရီထရီးယား ကထွက်ပြေးလာသူတွေ အတွက် အီးယူဆွေးနွေးမယ်

  • 11 နိုဝင်ဘာ 2015

ဥရောပကို ထွက်ပြေးလာကြတဲ့ ရွှေ့ပြောင်း ခိုလှုံသူ ၁၄ဦး လိုက်ပါလာတဲ့ လှေတစီး တူရကီနဲ့ ဂရိနိုင်ငံ လက်စဘို့စ် ကျွန်းကြားမှာ နစ်မြုပ်ခဲ့ပါတယ်။ အာဖရိက က ရွှေ့ပြောင်း ခိုလှုံသူတွေ အီးယူနိုင်ငံတွေထဲကို ရောက်လာတာနဲ့ ပတ်သက်ပြီး ဥရောပနဲ့ အာဖရိက နိုင်ငံတွေက ခေါင်းဆောင်တွေ မော်လ်တာမှာ တွေ့ဆုံနေတဲ့ တချိန်ထဲမှာ ပဲ အခုလို နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။ သူတို့အခြေချပေးဖို့ မတည်ငွေ ယူရို ၁.၈ဘီလျံကို ထောက်ပံ့ပေးဖို့အတွက်လည်း ဆွေးနွေးခဲ့ပါတယ်။ အဲဒီညီလာခံကို တက်ရောက်ခဲ့တဲ့ နိုင်ငံတွေထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂက ဝေဖန်နေတဲ့ အရီထရီးယား နိုင်ငံလည်း ပါဝင် ပါတယ်။ ကိုသက်ထွေးနိုင်က ဆက်ပြီး ပြောပြထားပါတယ်။