election
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ရွေးကောက်ပွဲအတွက် သမ္မတဦးသိန်းစိန်ကို အမေရိကန်ဂုဏ်ပြု

  • 12 နိုဝင်ဘာ 2015

မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အမေရိကန် သမ္မတ အိုဘားမားက မြန်မာ သမ္မတ ဦးသိန်းစိန်ကို ဖုန်းနဲ့ဆက်သွယ်ပြီး ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

သမ္မတ အိုဘားမားက ရွေးကောက်ပွဲအောင်မြင်မှုနဲ့ ပတ်သက်လို့ သမ္မတကြီးအနေနဲ့ ဂုဏ်ယူရမှာ ဖြစ်ပြီး သမိုင်းမှတ်တိုင် တရပ်ဖြစ်တဲ့အကြောင်း ၊ သမ္မတကြီးရဲ့ ရဲဝံ့စွာ ဖော်ဆောင်ခဲ့တဲ့ ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်ချက်တွေကြောင့် မြန်မာ နိုင်ငံအတွက် ထူးခြားပြောင်မြောက်တဲ့ အနာဂတ်ကို ဖော်ဆောင်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ပြီးတော့လည်း အမေရိကန် အနေနဲ့ မြန်မာ အစိုးရနဲ့ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ဒီအတောအတွင်းမဲရလဒ်တွေကိုတော့ဆက်လက်ကြေညာနေဆဲပါ။ ဦးကိုကိုအောင်ကပြောပြမှာပါ။