paris
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ပါရီမြို့တော် တိုက်ခိုက်မှုနဲ့ ပတ်သက်သူတွေကို ရှာဖွေဖမ်းဆီး

  • 16 နိုဝင်ဘာ 2015

ပဲရစ်မြို့တော်က အကြမ်းဖက်တိုက်ခိုက်မှုကြီးဟာဆိုရင် ဥရောပမှာ ၁၀ နှစ်အတွင်း အဆိုးဆုံး အကြမ်းဖက်မှုကြီး ဖြစ်ပါတယ်။

သောကြာည ၉ နာရီကျော်အချိန်က ပဲရစ်မြို့လယ်က အားကစားရုံ၊ ကပွဲရုံနဲ့ စားသောက်ဆိုင်လို လူစည်းကားရာ နေရာတွေမှာ အကြမ်းဖက်သမားတွေက အသေခံ ဖောက်ခွဲမှုတွေ အပြင် သေနတ်တဲ့ ပစ်ခတ်မှုတွေ ပါ လုပ်ခဲ့တာပါ။ အခုအခါ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ပတ်သက်နေသူတွေကိုဆက်လက် စုံစမ်း ဖော်ထုတ်နေကြပါတယ်။

အကြမ်းဖက်သမားတွေ သုံးခဲ့တဲ့ ကား ၂ စီးဟာ ဘဲလ်ဂျီယံက ဌားလာခဲ့တာဖြစ်တယ်လို့ ပြင်သစ် ရဲတွေကပြောပါတယ်။ အဲဒီအကြမ်းဖက်သမားတွေထဲက အနည်းဆုံးတဦးဟာလည်း ဘဲလ်ဂျီယံထဲမှာ နေထိုင်သူဖြစ်တယ်လို့လည်း ဆိုပါတယ်။ အကြောင်းစုံကိုဦးကိုကိုအောင်ကပြောပြမှာပါ။