g20
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကမ္ဘာ့ခေါင်းဆောင်တွေ ဆီးရီးယားက အိုင်အက်စ်ကို တိုက်ဖို့ နည်းလမ်းရှာနေ

  • 17 နိုဝင်ဘာ 2015

ပြင်သစ်နိုင်ငံမှာတော့ အစိုးရက လုံခြုံရေးအတွက် တပ်ဖွဲ့ဝင် အင်အား ၁၁၅၀၀၀ ကို တာဝန်ပေးချထားတော့မှာ ဖြစ်ကြောင်း ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ညပိုင်းကလည်း ဆီးရီးယား ထဲက အိုင်အက်စ်တွေကို တိုက်ခိုက်ခဲ့သလို ပြင်သစ်မှာလည်း စစ်သွေးကြွလို့ မသင်္ကာသူတွေ ရှိမယ့်နေရာပေါင်း ၁၂၈ ခုကို စီးနင်းမှုတွေ လုပ်ခဲ့တဲ့အကြောင်း ပြင်သစ် ပြည်ထဲရေး ဝန်ကြီးက ဒီနေ့မနက်ပိုင်းက ပြောပါတယ်။

တချိန်ထဲမှာပဲ ပါရီ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ သံသယရှိသူ ဆာလာ အဒက်ဆာလမ်ကို ဆက်လက် ရှာဖွေနေကြဆဲဖြစ်ပါတယ်။ သူဟာ ဘဲလ်ဂျီယံထဲမှာ ပုန်းရှောင် နေတယ်လို့လည်း ယူဆထားကြပါတယ်။

တူရကီမှာ ကျင်းပခဲ့တဲ့ ဂျီ၂၀ နိုင်ငံတွေရဲ့ အစည်းအဝေးမှာလည်း ဒီအိုင်အက်စ်အဖွဲ့ရဲ့ အန္တရာယ်တွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကပဲ လွှမ်းမိုးနေပါတယ်။ သဘောကွဲလွဲမှုတချို့ ရှိနေသေးပေမယ့် ဆီးရီးယား ထဲက အဲဒီ စစ်သွေးကြွတွေကို ခြေမှုန်းရေးအတွက် ပူးပေါင်း လုပ်ဆောင်ကြဖို့ ပိုမိုနီးစပ်လာနေပြီ လို့ဆိုပါတယ်။ ကိုသက်ထွေးနိုင်က ပြောပြမှာပါ။