paris
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ပါရီအကြမ်းဖက်မှုကို ကျူးလွန်ခဲ့သူတဦး ဒုက္ခသည်ယောင်ဆောင်ပြီး ၀င်လာခဲ့

  • 17 နိုဝင်ဘာ 2015

ပါရီမြို့တော်မှာ အသေခံဗုံးခွဲတိုက်ခိုက် ခဲ့သူ တဦးဟာ အာမက် အဲလ်မိုဟာမက် ဖြစ်တယ်လို့ ပြင်သစ် စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။

သူဟာ ဆီးရီးယား ကနေတဆင့် ဂရိနိုင်ငံ လေရော့စ် ကျွန်းကို ရွေ့ပြောင်း ဒုက္ခသည်အဖြစ် ဝင်ရောက် လာခဲ့တာဖြစ်တယ်လို့ ဂရိအာဏာပိုင်တွေကပြောပါတယ်။ အဲဒါကြောင့်လည်း အခုဆို ဒုက္ခသည်တွေနဲ့အတူ အကြမ်းဖက်သမားတွေ အယောင်ဆောင်ပါလာလိမ့်မယ်ဆိုပြီးစိုးရိမ်မှုတွေရှိနေပါတယ်။

အဲဒါကြောင့်လည်း ဒီရွေ့ပြောင်းလာသူတွေအပေါ်မှာ မလိုလားအပ်တဲ့ တုံ့ပြန်မှုတွေ ဖြစ်လာနိုင်တယ်လို့ သတိပေးမှုတွေလည်း ရှိလာပါတယ်။ ဦးကိုကိုအောင်က ဆက်ပြောပြမှာပါ။