paris
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ပဲရစ်မှာ အကြမ်းဖက်သမားတွေကို လိုက်လံဖမ်းဆီး

  • 18 နိုဝင်ဘာ 2015

ပြီးခဲ့တဲ့ သောကြာနေ့က ပါရီမြို့တော်မှာ ဖြစ်ပွားခဲ့တဲ့လူ ၁၂၉ ဦးအထိ သေဆုံးခဲ့ရတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ သံသယရှိသူတွေနေတဲ့ St Denis အရပ်က အိမ်ခန်းတခုကို ပြင်သစ် လုံခြုံရေးတွေက ဒီနေ့ မနက်ပိုင်းမှာ ဝင်ရောက် စီးနင်းခဲ့ပါတယ်။

အဲဒီသောကြာညပိုင်း တိုက်ခိုက်မှုကို စီစဉ်ညွှန်ကြားခဲ့သူလို့ သံသယရှိတဲ့ အဗ်ဒဲလ် ဟာမိ အာဘာဝုဒ် ရှိနေနိုင်တယ်လို့ ယူဆပြီးစီးနင်းခဲ့ကြတာပါ။ အဲဒီမှာ အမျိုးသမီးတဦးက သူ့ကိုယ်သူ ဗုံးခွဲအဆုံးစီရင်သွားခဲ့တယ်လို့ ဆိုပါတယ်။

ဒီစီးနင်းမှုတွေဟာ ၇ နာရီတောင်ကြာမြင့်ခဲ့ပြီးအခုတော့ ပြီးဆုံးခဲ့ပြီဖြစ်တယ်လို့ပြင်သစ် အစိုးရက ပြောပါတယ်။ ကိုမိုးမြင့်က ပြောပြမှာပါ။