သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်အတွေးဆွေးနွေးဖလှယ် သမ္မတအထက်မှာ ရှိသင့်လား

  • 21 နိုဝင်ဘာ 2015
ဓာတ်ပုံ မူပိုင် AP
Image caption အန်အဲလ်ဒီ ဗဟိုကော်မတီဝင် ဦးဝင်းထိန် နဲ့ လွှတ်တော် ဥပဒေကြမ်း ကော်မတီ အတွင်း ရေးမှူး ဦးစောလှထွန်း တို့ ပင်တိုင် ဆွေးနွေးခဲ့

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အန်အဲလ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က အန်အဲလ်ဒီ အစိုးရ ဖွဲ့တဲ့ အခါ သမ္မတရဲ့ အထက်မှာ သူရှိ နေမှာ ဖြစ်တယ်လို့ အတိ အလင်း ကြေညာ ပြောဆိုလိုက် တာနဲ့ ပတ်သက်လို့ ဆွေးနွေး ခဲ့ကြတာပါ။

အခုလို သမ္မတ အထက်မှာ နေပြီး စီမံ ခန့်ခွဲ မယ်ဆို တာဟာ ဒီမိုကရေစီ ကျင့်စဉ်နဲ့ ကိုက်ညီမှု ရှိပါရဲ့လား။ တကယ်တမ်းမှာ လက်တွေ့ ကျတဲ့ ဆောင်ရွက်မှု မျိုးရော ဖြစ်နိုင်ပါ့ မလား ဆိုတာတွေ ကိုလည်း ဆွေးနွေး ခဲ့ကြပါတယ်။

သောတရှင်တွေနဲ့ အတူ ပင်တိုင် ဆွေးနွေး ခဲ့ကြ သူတွေ ကတော့ အန်အဲလ်ဒီ ဗဟိုကော်မတီဝင် ဦးဝင်းထိန်၊ လွှတ်တော် ဥပဒေကြမ်း ကော်မတီ အတွင်း ရေးမှူးလည်းဖြစ် ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ က ဦးစောလှထွန်း တို့ ဖြစ်ကြပါတယ်။

ပါဝင် ဆွေးနွေး ခဲ့သူ တွေရော၊ မပါ လိုက်ရတဲ့ သူတွေပါ မကျန် ဘီဘီစီ ပရိသတ် အားလုံးကို ကျေးဇူး အထူး တင်ရှိ ပါတယ်။