air_strikes_in_
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဝေဟင်စစ်ဆင်မှု ဘယ်လောက်ထိရောက်

  • 24 နိုဝင်ဘာ 2015

ပြင်သစ်နိုင်ငံ ပါရီမြို့တော်က လမ်းဘေး အမှိုက်ပုံးထဲမှာ ပစ်ထားတဲ့ ဖောက်ခွဲရေး ပစ္စည်းတွေပါတဲ့ ခါးပတ်တခုကို သန့်ရှင်းရေး လုပ်သားတွေက တွေ့ခဲ့ရပါတယ်။

အခုတော့ အဲဒီခါးပတ်ဟာ ပါရီ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ သံသယရှိတဲ့၊ အခုထက်ထိ ပြေးနေဆဲဖြစ်တဲ့ ဆာလာအဗ္ဗဒဲလ်ဆာလမ် ဆီကလား ဆိုတာ သိရဖို့ စစ်ဆေးနေပါတယ်။

ဘဲလ်ဂျီယံဘက်မှာတော့ ခုထက်ထိ မြို့တော် ဘရပ်ဆဲလ်စ်မှာ လုံခြုံရေးအတွက် အမြင့်ဆုံးတပ်လှန့်ထားဆဲ ဖြစ်ပါတယ်။

အမေရိကန်ကလည်း ကမ္ဘာတဝန်း ခရီးသွားကြမယ့် သူ့နိုင်ငံသားတွေကို သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

နောက်ပြီး ပြင်သစ်သမ္မတ ဖရန်ဆွာအိုလောန်းကလည်း ဝါရှင်တန်မြို့တော်မှာ အမေရိကန် သမ္မတ အိုဘားမားနဲ့ အိုင်အက်စ်အရေးနဲ့ဆီးရီးယား ကိစ္စတွေကို ဆွေးနွေးသွားဖို့ ရှိပါတယ်။

ဗြိတိန်မှာတော့ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက အီရတ်တင်မကပဲ ဆီးရီးယားထဲမှာ လေကြောင်း ကနေ တိုက်ခိုက် စစ်ဆင်မှုတွေ လုပ်သွားမလား ဆိုတာနဲ့ ပတ်သက်လို့ဒီသတင်းပတ်ကုန်ပိုင်း ပါလီမန်ကို တင်သွင်းသွားမယ်လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ ဖြစ်နေတဲ့ လေကြောင်း စစ်ဆင်မှုတွေကကော ဘယ်လောက် ထိရောက်မှုရှိပါသလဲ။ ကိုရင်မောင် က ပြောပြမှာပါ။