_turkey_
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လေယာဉ်ပစ်ချ ရန်စတာလို့ ရုရှားပြော

တူရကီက ရုရှား တိုက်လေယာဉ်ကို ပစ်ချခဲ့တာဟာ တမင်တကာ ရန်စမှုဖြစ်ပေမယ့် ရုရှားဟာ စစ်ပွဲတပွဲ ဆင်နွှဲဖို့ အတွက် ရည်ရွယ်ချက် မရှိဘူးလို့ ရုရှားနိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

အဲဒီ ပစ်ချခံခဲ့ရတဲ့ လေယာဉ်ပျံက လေယာဉ်မှူးတဦး ကိုတော့ ကယ်တင်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။

အဲဒီ တိုက်လေယာဉ် ပစ်ချမှုနဲ့ပတ်သက်ပြီး မော်စကိုမြို့တော်က တူရကီသံရုံးမှာတော့ ဒီနေ့ ဆန္ဒပြသူတွေက ခဲတွေ၊ သုတ်ဆေးတွေ ကြက်ဥတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ တစ်ချိန်တည်းမှာ ရုရှားနဲ့ တူရကီတို့အကြား တင်းမာမှုတွေ မြင့်တက်လာနေပါတယ်။ ကိုမိုးမြင့်က ပြောပြမှာပါ။