သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်အတွေးဆွေးနွေးဖလှယ် - မြေစာပုံပြိုကျမှု

  • 28 နိုဝင်ဘာ 2015
Image caption နောက်နောင် အသက် ဆုံးရှုံး မှုတွေ မဖြစ် ရအောင် ဘာတွေ ဆောင်ရွက်ဖို့ လိုပါလဲ

နားဆင်နိုင်ပါပြီ။

ကချင် ပြည်နယ် ဖားကန့် မြို့မှာ မကြာသေးခင်က ကျောက်စိမ်းတူး မြေစာ ပုံတွေ ပြိုခဲ့ ရတာကြောင့် လူပေါင်း ၁ ရာကျော် မြေပိ သေးဆုံး ခဲ့ရပြီး အတော် များများ လည်း မြေအောက်မှာ ပျောက်ဆုံး နေဆဲပါ။

အခုလို သေဆုံးမှု ဖြစ်ရပ်တွေ အတွက် ကျောက်စိမ်း တူးတဲ့ ကုမ္ပဏီ တွေမှာ အဓိက တာဝန် ရှိကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီကုမ္ပဏီ တွေဟာ အရေးယူ ခံရ တာမျိုး မရှိပဲ ပြစ်ဒဏ် ကနေ ကင်းလွတ် နေတာကို တွေ့ရ ပါတယ်။

အာဏာပိုင်တွေ အနေနဲ့ ဘာကြောင့် အရေး မယူ ကြတာ ပါလဲ။ တခါ နောက်နောင် အခုလို အသက် ဆုံးရှုံး မှုတွေ မဖြစ် ရအောင် ဘာတွေ ဆောင်ရွက်ဖို့ လိုအပ်နေ ပါလဲ ဆိုတာ တွေကို ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။

Humanity Institute အဖွဲ့က ကိုမုန်ဒန် ကလည်း ရန်ကုန် စတူဒီယို ထဲကနေ ပင်တိုင် ဆွေးနွေး ပေးခဲ့တာ ဖြစ်ပါတယ်။

ပါဝင် ဆွေးနွေး ခဲ့သူ တွေရော၊ မပါ လိုက်ရတဲ့ သူတွေပါ မကျန် ဘီဘီစီ ပရိသတ် အားလုံးကို ကျေးဇူး အထူး တင်ရှိ ပါတယ်။