climate change
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ပါရီမှာ ရာသီဥတု ပြောင်းလဲမှု ညီလာခံ ကျင်းပ

  • 30 နိုဝင်ဘာ 2015

ကမ္ဘာ့ရာသီဥတုပြောင်းလဲလာမှုအတွက် ဆွေးနွေးဖို့ ကမ္ဘာ့ ခေါင်းဆောင်တွေ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ရောက်ရှိနေပါတယ်။

ကမ္ဘာတလွှားဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုတွေကိုလျှော့ချနိုင်ဖို့သဘောတူညီချက်တခုရအောင်ဆွေးနွေးသွားကြမှာပါ။

ကမ္ဘာကြီးပူနွေးလာမှုကိုဖြေရှင်းနိုင်ဖို့အတွက် လိုအပ်မယ့် အဲဒီ သဘောတူညီမှုကို ဒီနှစ်ကုန်တဲ့ အချိန်မှာ ရစေဖို့ ကတိပေးထားကြတာပါ။

အဲဒါကြောင့်လည်း ကာဘွန်ထုတ်လွှတ်မှုအများဆုံးနိုင်ငံဖြစ်တဲ့တရုတ်အတွက်လည်း ဖိအားတွေရှိနေပါတယ်။

ဓတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချနိုင်ဖို့နဲ့ သန့်ရှင်းတဲ့ စွမ်းအင် သုံးစွဲနိုင်မယ့် နည်းပညာသစ်တွေ အတွက် အဓိကထား ဆောင်ရွက်နေကြပါတယ်။

တဘက်မှာတော့ ကမ္ဘာကြီး ပူနွေးလာမှုကို နောက်ထပ် ၂ ဒီဂရီထက် ပိုမလာစေဖို့အတွက် လိုအပ်မယ့် သဘောတူညီချက် ရဖို့ အဓိက ဆွေးနွေး နေကြတာဖြစ်ပါတယ်။

ဆိုတော့ ဘာကြောင့် ဒါအတွက် အဓိက ဆွေးနွေး နေကြရတာပါလဲ ။ ရှုစားရအောင်ပါ။

မသီဒါနွယ်ကပြောပြမှာပါ။