air strike
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဆီးရီးယားမှာ ဝင်တိုက်မလား ဗြိတိသျှ ပါလီမန် ဆုံးဖြတ်မယ်

  • 1 ဒီဇင်ဘာ 2015

ပါရီမြို့တော် အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရတဲ့ နောက်ဆက်တွဲ အဖြစ် ဆီးရီးယားထဲက အစ္စလာမ်မစ်နိုင်ငံ အဖွဲ့ကို တိုက်ခိုက်နေတဲ့ ပြင်သစ်ကို စစ်ရေး ထောက်ပံ့မှုတွေ ပေးသွားဖို့ ဂျာမန် အစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့ပါတယ်။ ဗြိတိန်မှာတော့ မနက်ဖန် ပါလီမန်က ဆီးရီးယား မှာ လေကြောင်း စစ်ဆင်မှုတွေ လုပ်မလုပ် ဆုံးဖြတ်ကြမှာပါ။ ဗြိတိသျှ ၀န်ကြီးချုပ်ကတော့ အိုင်အက်စ်တွေရဲ့ အန္တရာယ်တွေကြောင့် အခုလို ဆီးရီးယားထဲ အထိ ချဲ့ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ကိုမိုးမြင့်က ပြောပြမှာပါ။