သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကူးလ်တက် - အွန်လိုင်း ကားလက်မှတ်

  • 3 ဒီဇင်ဘာ 2015
ဓာတ်ပုံ မူပိုင် easyticket
Image caption အဝေးပြေး ကား လက်မှတ်တွေကို အွန်လိုင်းက တဆင့် ဝယ်ယူ နိုင်နေ ပါပြီတဲ့....

နားဆင်နိုင်ပါပြီ။

အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းတွေဟာ နိုင်ငံ တကာ မှာတော့ စျေးဝယ် တာက အစ စီးပွားရေး လုပ်ငန်း ကြီးတွေနဲ့ အစု ရှယ်ယာ လုပ်ငန်း တွေ အဆုံး အင်တာနက် ချိတ်ဆက်ပြီး ကွန်ပျူတာ လက်ပ်တော့ စမာ့တ်ဖုန်းတွေ ကနေ ငွေပေးချေ ဝယ်ယူ ရရှိ နေတာပါ။

အဲဒီလို အွန်လိုင်း ဝန်ဆောင်မှု ပေးတဲ့ ကုမဏီတွေ ဆိုတာ ကလည်း ယနေ့ ခေတ်မှာ အရှိန် အဟုန် ကောင်းကောင်း နဲ့ ယှဉ်ပြိုင် ထိုးဖေါက် လာနေကြတာပါ။

ဒီတော့ ကမ္ဘာနဲ့ ရင်ပေါင်တန်း နိုင်ဖို့ ပြောင်းလဲ ကြိုးစား နေတဲ့ မြန်မာ နိုင်ငံ အနေနဲ့ ကရော အခုလို အင်တာနက် ကနေ စျေးဝယ် ငွေပေးချေ မှုတွေကို ဘယ်အ ဆင့် အထိ လုပ်ဆောင် နိုင်ကြ ပြီလဲ။

အဝေးပြေး ကား လက်မှတ်တွေကို ကိုယ့်အိမ် ကနေတင် အွန်လိုင်းက တဆင့် ဝယ်ယူ နိုင်နေ ပါပြီတဲ့။

မြန်မာ နိုင်ငံမှာ အဝေးပြေးကား လက်မှတ်တွေကို အွန်လိုင်း ကနေ ဝယ်ယူ နိုင်နေပြီ ဖြစ်လို့ မြန်မာတို့ရဲ့ အွန်လိုင်းက ဝန်ဆောင်မှု၊ ဘယ်လို အလား အလာ တွေ ရှိနေပြီ လဲ ဆိုတာ တင်ဆက် ပေး ထားတာ ဖြစ်ပါတယ်။