donald_trump
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အမေရိကန်နဲ့ ဂျီဟဒ်ဝါဒီ ပြဿနာ

  • 8 ဒီဇင်ဘာ 2015

အမေရိကန်မှာတော့ ရီပတ်ပလစ်ကန် ပါတီရဲ့ သမ္မတလောင်း နေရာအတွက် ယှဉ်ပြိုင်နေတဲ့ ဒေါ်နယ်ထရမ့်ပ်က အမေရိကန်ထဲ မွတ်စလင်တွေ မဝင်ရအောင် ပိတ်ထားဖို့ ပြောလိုက်တာကြောင့် ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ သူက မွတ်စလင်တွေက အမေရိကန် မုန်းတီးရေးတွေ လုပ်နေတယ်ဆိုပြီး ပြောခဲ့တာပါ။ ပြီးခဲ့တဲ့ သတင်းပတ်က ကယ်လီဖိုးနီးယား ပြည်နယ်က ဆန်ဘာနာဒီးနိုးမှာ အစုလိုက် အပြုံလိုက် ပစ်ခတ် သတ်ဖြတ်ခံခဲ့ရအပြီး အခုလိုပြောကြားလိုက်တာပါ။ အမေရိကန်မှာ ဂျီဟဒ်ဝါဒီပြဿနာ ဘယ်လောက် ကြီးမားလာနေပြီလဲ ဆိုတာ ရှုစားရအောင်ပါ။