သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်အတွေး ဆွေးနွေးဖလှယ် ဦးသန်းရွှေကို ကင်းလွတ်ခွင့်ပေးသင့်လား

  • 9 ဒီဇင်ဘာ 2015

ဒေါ်အောင်ဆန်းစု ကြည်နဲ့ ဦးသန်းရွှေ တွေ့ဆုံ ပွဲကို အသွင်ကူး ပြောင်းကာလ ချောမွေ့ရေးမှာ အထောက် အကူ ဖြစ်စေတယ်ဆိုပြီး ဝမ်းမြောက် ကြိုဆိုကြသူတွေရှိသလို ဦးသန်းရွှေ အနေနဲ့ အတိတ် ကာလက ကျူးလွန် ခဲ့မှုတွေ အတွက် တာဝန်ခံမှု၊ ပြန်လည် ပေးဆပ်ရမှု တစုံ တရာ မရှိပဲ လွတ်မြောက် သွားမှာမျိုး မဖြစ်သင့်ဘူးလို့ ယူဆ ကြသူတွေ လည်း ရှိပါတယ်။

သောတရှင်တို့တွေ ကရော ဘယ်လို ယူဆပါ သလဲ လွတ်လပ် အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။

ဒီဇင်ဘာ ၁၂၊ စနေနေ့ည ရေဒီယို အစီ အစဉ်မှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ပါဝင် ဆွေးနွေး လိုသူတွေ အနေနဲ့ bbcburmese ဖေ့ဘွတ်ခ် စာမျက်နှာရဲ့ Message Inbox မှာ မိမိနာမည်၊ ဆက်သွယ် ရမယ့် တယ်လီဖုန်း နံပါတ်၊ ခေါ်ဆို တဲ့ နိုင်ငံ နဲ့ ဆွေးနွေး လိုတဲ့ အချက် အကျဉ်းချုပ် တို့ကို ပေးပို့ ဆက် သွယ် နိုင်ပါတယ်။

အီးမေးလ် ကနေ ဆက်သွယ် ချင်ရင်တော့ bbcburmese@gmail.com ကိုဖြစ်စေ၊ burmese@bbc.co.uk ကို ဆက်သွယ်ပြီး စောစောက ပြောခဲ့တဲ့ အချက် အလက်တွေ ပေးပို့ခဲ့ရင် ဘီဘီစီ ကနေ ပြန်လည် ဆက်သွယ် ခေါ်ယူပေးမှာ ဖြစ်ပါတယ်။