့homs
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဟွမ်းစ်မြို့ကနေ သူပုန်တပ်တွေ စတင်ထွက်ခွာ

  • 9 ဒီဇင်ဘာ 2015

ဆော်ဒီအာရေဗျနိုင်ငံက ရီယတ််ဒ မြို့တော်မှာ ဆီးရီးယား အတိုက်အခံ အဖွဲ့တွေက ကိုယ်စားလှယ် ၁၀၀ ကျော်ရဲ့ အစည်းအဝေးကြီး စတင်နေပြီဖြစ်ပါတယ်။

လာမယ့် နှစ်ဆန်းပိုင်းမှာ ဆီးရီးယား အစိုးရနဲ့ ဆွေးနွေးပွဲတွေ စတဲ့ အခါ အားလုံးလက်ခံတဲ့ သဘောတူညီမှု တခုကိုကိုင်ပြထားနိုင်ဖို့ ဆွေးနွေးနေကြတာဖြစ်ပါတယ်။

တချိန်ထဲမှာပဲ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေက တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်နေခဲ့တဲ့ ဟွမ်းစ်မြို့ကနေ သူပုန်အဖွဲ့တွေ စတင် ထွက်ခွာနေကြပြီ ဖြစ်ပါတယ်။

ကုလသမဂ္ဂက လက်ခံထားတဲ့အပစ်ရပ်သဘောတူညီမှုကြောင့် ဒီနေရာကိုအစိုးရတပ်တွေက ပြန်ထိမ်းချုပ်နိုင်တော့မယ့်သဘောရှိပါတယ်။ကိုရင်မောင်က ပြောပြမှာပါ။