သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်အတွေးဆွေးနွေးဖလှယ် ဒေါ်စုနဲ့ ဦးသန်းရွှေ တွေ့ဆုံမှု

  • 12 ဒီဇင်ဘာ 2015
Image caption အမြင် သဘောထား အမျိုးမျိုး ကို သောတရှင် တို့ ကိုယ်တိုင် ပါဝင် ဆွေးနွေး ခဲ့ကြ တာပါ

နားဆင်နိုင်ပါပြီ။

ဒေါ်အောင်ဆန်းစုကြည် နဲ့ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ တို့ မကြာသေးခင်က တွေ့ဆုံ ခဲ့တာနဲ့ ပတ်သက်ပြီး ဆွေးနွေး ခဲ့ကြ တာပါ။

ဒီတွေ့ဆုံပွဲဟာ အသွင် ကူးပြောင်းရေး ကာလ ချောမွေ့ ရေးမှာ အထောက် အကူ ဖြစ်စေတယ် ဆိုပြီး ဝမ်းမြောက် ကြိုဆို ကြသူတွေ ရှိပါတယ်။

တဘက်မှာ လည်း ဦးသန်းရွှေ အုပ်ချုပ် ခဲ့တဲ့ ကာလမှာ ဖြစ်ပျက် ခဲ့တဲ့ လူအခွင့်အရေး ချိုးဖေါက်မှုတွေ အပေါ်မှာ တာဝန်ခံမှု၊ တာဝန်ယူမှု မရှိဘဲနဲ့ ပြီးဆုံး သွားမှာ ဆိုတဲ့ စိုးရိမ်သူ တွေရဲ့ အမြင်တွေ ကိုလည်း ကြားရ ပါတယ်။

ဒီလို ၂ ဘက် သေဘာထား ရှိတဲ့ အကြောင်းကို ဆွေးနွေး ဖို့ ဖိတ်ခေါ်လိုက်တဲ့ အခါမှာ၊ ဒီအကြောင်း ဆွေးနွေးဖို့ အချိန် မတန် သေးဘူး ဆိုပြီးတော့ ဘီဘီစီရဲ့ ဖေ့ဘွတ်ခ် စာမျက်မှာ သဘောထား မှတ်ချက်တွေ အမျိုး မျိုး ပေးလာ တာကိုလည်း တွေ့ရ ပါတယ်။

ကျနော် တို့ရဲ့ လွတ်လပ် အတွေး ဆွေးနွေး ဖလှယ် အစီ အစဉ် ဆိုတာဟာ အခုလို မတူတဲ့ သဘောထား အမြင်တွေကို ဆွေးနွေး ဖလှယ် နိုင်အောင် ပြုလုပ် ပေးထားတဲ့ အစီ အစဉ်ဖြစ် ပါတယ်။

အခု အစီအစဉ် မှာလည်း ဆွေးနွေးဖို့ အချိန် မတန် သေးဘူးလို့ ပြောလာတဲ့ သူတွေရဲ့ အမြင် သဘော ထားတွေ၊ နောက်တခါ လူ့အခွင့် အရေး ချိုးဖေါက်မှုတွေ အတွက် ကို အရေးယူ သင့်တယ်လို့ ယူဆ သူတွေ ၊ အရေး မယူ သင့်ဘူးလို့ ပြောလာတဲ့ အမြင် တွေ၊ အားလုံးကို ဆွေးနွေး ဖလှယ် ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲမှာ ပင်တိုင် အဖြစ် ဥပဒေ အထောက် အကူပြု ကွန်ရက် က ရှေ့နေ ဦးအောင်ထူး က ဝင်ရောက် ဆွေးနွေး ပေးခဲ့ ပါတယ်။

ပါဝင် ဆွေးနွေး ခဲ့သူ တွေရော၊ မပါ လိုက်ရတဲ့ သူတွေပါ မကျန် ဘီဘီစီ ပရိသတ် အားလုံးကို ကျေးဇူး အထူး တင်ရှိ ပါတယ်။