peshawar
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ပါရှဝါက စာသင်ကျောင်း တိုက်ခိုက်ခံရမှု တနှစ်ပြည့်

  • 16 ဒီဇင်ဘာ 2015

ပါကစ္စတန်နိုင်ငံက ပါရှဝါမြို့မှာတော့ အဲဒီမှာရှိတဲ့ စစ်တပ် စာကျောင်းထဲကို တာလီဘန်တွေက ဝင်ရောက် တိုက်ခိုက်ခဲ့လို့ ကလေး အများစု အပါအဝင် လူပေါင်း ၁၅၀ ကျော်သေဆုံးခဲ့ရ တာ တနှစ်ပြည့်တဲ့ အောက်မေ့ဖွယ် အခမ်းအနားကို ကျင်းပခဲ့ကြပါတယ်။

ပါကစ္စတန် ဝန်ကြီးချုပ် နာဝတ် ရှရစ်ဖ်ကလည်း ဒီတိုက်ခိုက်မှုကြောင့် တနိုင်ငံလုံး တုန်လှုပ်ခဲ့ရကြောင်းနဲ့ ဒါနဲ့ပတ်သက်လို့ တုန့်ပြန်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အသက်မသေဘဲ ရှင်ကျန်ခဲ့သူတွေထဲမှာလည်း ခုထက်ထိ ထိတ်လန့်မှုတွေရှိနေဆဲ ဖြစ်ပါတယ်။ မရီရီအောင်က ပြောပြမှာပါ။