္fifa
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဘလတ္တာနဲ့ ပလာတီးနီးကို ဘောလုံးလောက ကနေ ၈ နှစ်ပယ်

  • 21 ဒီဇင်ဘာ 2015

ကမ္ဘာ့ ဘောလုံး လောကရဲ့ အထင်ကရ ပုဂ္ဂိုလ်နှစ်ဦးဖြစ်ကြတဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဆက်ဘလတ္တာနဲ့ ဥရောပ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ မီရှဲလ် ပလာတီးနီးတို့ကို ကျင့်ဝတ်ပိုင်း ဆိုင်ရာ စည်းကမ်းတွေ ကို မလိုက်နာကြောင်း စစ်ဆေးတွေ့ရှိခဲ့လို့ ဘောလုံးလောက ကနေ ၈ နှစ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၁က မစ္စတာ ပလာတီးနီးကို မစ္စတာဘလတ္တာရဲ့ ခွင့်ပြုချက်နဲ့ ဒေါ်လာ၂ သန်း ပေးခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ အခုလို စုံစမ်းစစ်ဆေး ခဲ့တာဖြစ်ပြီး သူတို့၂ ဦးစလုံးကတော့ ဘာမှ အမှားမလုပ်ကြောင်း ငြင်းဆိုထားကြပါတယ်။

အသက် ၇၉ နှစ် ရှိပြီဖြစ်တဲ့မစ္စတာ ဘလတ္တာက သူဟာ စည်းကမ်းရှိတဲ့သူ၊ အလုပ်မလုပ်ဘဲ ရတဲ့ငွေကို ဘယ်တော့မှ မယူဖူးဘူးလို့ ဇူးရစ်မြို့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ အဲဒီ ပိတ်ပင်မှုဟာ ချက်ခြင်းသက်ဝင်တာ ဖြစ်ပါတယ်။ အကြောင်းစုံကို ကိုမိုးမြင့်က ပြောပြပါလိမ့်မယ်။