police_cologne_
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဂျာမနီ - နှစ်သစ်ကူးညတိုက်ခိုက်မှု နဲ့ ဒုက္ခသည်ပြဿနာ

  • 7 ဇန်နဝါရီ 2016

နှစ်သစ်ကူးညမှာ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက်ပြုကျင့်ခံရမှုနဲ့ ပတ်သက်ပြီး ဂျာမန် ပြည်ထဲရေးဝန်ကြီးက ကလုံးမြို့ ရဲဌာန ကို ဝေဖန်လိုက်ပါတယ်။ ဒါ့အပြင် ဟမ်းဘက်နဲ့ ရှတွတ်ဂါ့မြို့တွေမှာလည်း အဓမ္မပြုကျင့်မှုတွေ ရှိခဲ့တယ်လို့ တိုင်ကြားမှုတွေ ရှိပါတယ်။ မီးရှူးမီးပန်းတွေကို လူအုပ်ထဲကို ပစ်ပြီး၊ ခိုးမှု၊ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက်ပြုမှုတွေ ရှိတယ်လို့ ဆိုပါတယ်။ ဒုက္ခသည်သန်းချီကို လက်ခံနေတဲ့ ဂျာမနီနိုင်ငံမှာ အခုလို ဖြစ်ခဲ့တာကြောင့် အများစုက စိုးရိမ်ပူပန်နေကြပါတယ်။ ကိုအောင်သွင်က ပြောပြထားပါတယ်။