yemen medicine
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ယီမင် စစ်ဘေးဒုက္ခသည်တွေရဲ့ ဘဝ

  • 8 ဇန်နဝါရီ 2016

ယီမင်မှာ ပြီးခဲ့တဲ့နှစ်မတ်လက စပြီး အီရန် အစိုးရက အထောက်အပံ့ပေးထားတဲ့ ဟူသီသူပုန်တွေကို ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်း စစ်ဆင်ရေးတွေဖြစ်ပွား နေပါတယ်။ လူ ၆၀၀၀ကျော် သေဆုံးခဲ့ပြီး တဝက်ကျော်က အရပ်သားတွေ ဖြစ်ကြပါတယ်။ ယီမင်ဟာ အာရပ်နိုင်ငံတွေထဲ မှာ အဆင်းရဲဆုံးနိုင်ငံတခုဖြစ်ပြီး အခုတော့စစ်ဘေးကပ်ဆိုးကြီးကြောင့် နိုင်ငံရဲ့ အခြေခံ အဆောက်အအုံ နဲ့ စီးပွားရေးပါ ပျက်စီးခဲ့ရပါတယ်။ စစ်တပ်ဝန်းရံထားတဲ့ ထိုင်းဇ်မြို့ကို ဘီဘီစီသတင်းထောက်က သွားရောက်သတင်းယူခွင့်ရခဲ့ပါတယ်။ ကိုအောင်သွင်က ပြောပြထားပါတယ်။