tennis
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တင်းနစ်လုပ်ပွဲတွေကို စုံစမ်းစစ်ဆေးနေ

  • 18 ဇန်နဝါရီ 2016

ဝင်ဘယ်လ်ဒန် တင်းနစ်ပြိုင်ပွဲတွေမှာ လုပ်ပွဲတွေရှိတယ်ဆိုတဲ့ သံသယကြောင့်စုံစမ်းစစ်ဆေးမှုတွေလုပ်နေတာကိုဘီဘီစီက စုံစမ်းသိရပါတယ်။ တင်းနစ်ပြိုင်ပွဲတွေမှာ လောင်းကစားလုပ်ငန်းတွေနဲ့ ကစားသမားတွေကြား ခိုင်မာတဲ့ဆက်နွယ်မှု ရှိနေတာကို ဘီဘီစီနဲ့ Buzzfeed အင်တာနက်သတင်းဌာနတို့က တွေ့ရပေမယ့် တင်းနစ်မသမာမှုစောင့်ကြည့်ရေးကော်မီတီက စုံစမ်းခဲ့တာမရှိကြောင်း ပြောပါတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ဂရင်းဆလမ်း ဗိုလ်စွဲခဲ့သူတွေအပါအဝင် ကစားသမား ၁၆ ဦးဟာ ဒီကိစ္စ တွေနဲ့ပါဝင်ပတ်သက်နိုင်တယ်ဆိုတဲ့ သံသယတွေ ရှိနေပါတယ်။ ဘီဘီစီရဲ့ သီးသန့်သတင်းလွှာကို ဦးကိုကိုအောင်ကပြောပြထားပါတယ်။