china economy
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တရုတ်စီးပွားရေး ၂၅နှစ်အတွင်း အကျဆုံးရောက်

  • 19 ဇန်နဝါရီ 2016

နိုင်ငံတကာ ငွေကြေး ရံပုံငွေအဖွဲ့ IMF က ဒီနှစ်နဲ့ ရှေ့နှစ်အတွက် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းကို မှန်းထားတာထက် လျှော့ချလိုက်ပါတယ်။ IMF ရဲ့ အစီရင်ခံစာထဲမှာ အမေရိကန်မှာ အတိုးနှုန်းတွေ မြင့်တက်လာတာနဲ့ တရုတ်စီးပွားရေးကျဆင်းလာတာတွေ ပါဝင်ပါတယ်။ တရုတ်နိုင်ငံ စာရင်းအင်းဌာန က ထုတ်ပြန်လိုက်တဲ့ ကိန်းဂဏန်းတွေ အရ တရုတ်စီးပွားရေဟာ ပြီးခဲ့တဲ့နှစ်မှာ ၆.၉ရာခိုင်နှုန်းပဲ မြင့်တက်လာခဲ့တာ ဖြစ်တဲ့အတွက် ၅နှစ်အတွင်းမှာ စီးပွားရေး တိုးတက်မှု အနှေးကွေးဆုံး ဖြစ်ပါတယ်။ တရုတ်စီးပွားရေးဟာ ၂၀၁၀မှာ အမြင့်ဆုံး အဆငကိုရောက်သွားပြီးကတည်းက တဖြည်းဖြည်းချင်း ကျဆင်းလာခဲ့တာပါ။ အခုလို စီးပွားရေးကျဆင်းမှုက အလုပ်သမားတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲ။ ကိုရင်မောင်က ပြောပြထားပါတယ်။