jakarta bomb
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အင်ဒိုတိုက်ခိုက်မှု သံသယရှိသူရဲ့ မိသားစုက မဟုတ်ဘူးလို့ဆို

  • 19 ဇန်နဝါရီ 2016

ပြီးခဲ့တဲ့အပတ်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံမှာ အကြမ်းဖက်ဆန့်ကျင်ရေးဥပဒေကို တင်းကျပ်ဖို့ အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုက တိုက်တွန်းလိုက်ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ နောက်ကွယ်က ကြံစည်ခဲ့သူ နဲ့ နိုင်ငံထဲမှာရှိတဲ့ အစွန်းရောက်အဖွဲ့တွေ ဘယ်လို ဆက်စပ်မှုရှိတယ်ဆိုတာကို ရဲတွေစုံစမ်း နေပါတယ်။ အခုတော့ အာဏာပိုင်တွေက ဆီးရီးယားကိုရောက်နေတဲ့ လူတယောက်ကို ပြစ်တင်စွပ်စွဲထားပါတယ်။ ဘီဘီစီက သူ့မိသားစုနဲ့ တွေ့ခွင့်ရခဲ့ပါတယ်။ ကိုမိုးမြင့်က ပြောပြထားပါတယ်။