သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်အတွေးဆွေးနွေးဖလှယ် မူပိုင်ခွင့် ဆွေးနွေးမယ်

  • 20 ဇန်နဝါရီ 2016
Image caption ဉာဏ ပစ္စည်း မူပိုင်ခွင့် ပို အလေး ထားဖို့ လိုပြီလား?

ဆွေးနွေးဖို့ ဖိတ်ခေါ် အပ်ပါတယ်။

ဆရာ မြို့မငြိမ်း ရေးသား သီကုံး ခဲ့တဲ့ တူးပို့ဆိုတဲ့ သီချင်း စာသားကို ဘီယာ ပုလင်းတွေ ပေါ်မှာ သုံးစွဲ ခဲ့တာနဲ့ ပတ်သက်ပြီး မကြာသေးခင် က အငြင်းပွားမှု တခု ဖြစ်ခဲ့ပါတယ်။

ဒီတော့ ဉာဏ ပစ္စည်း မူပိုင်ခွင့် ပို အလေး ထားဖို့ လိုပြီလား? ဇန်နဝါရီ ၂၃ ရက်၊ စနေနေ့ည လွတ်လပ် အတွေး ဆွေးနွေး ဖလှယ် ရေဒီယို အစီ အစဉ်မှာ ဆွေးနွေး ကြမှာ ဖြစ်ပါတယ်။

ပါဝင် ဆွေးနွေး လိုသူတွေ အနေနဲ့ ဘီဘီစီ ဖေ့စ်ဘွတ်ခ် စာမျက်နှာရဲ့ Message Inbox မှာ ကိုယ့် နာမည် ၊ ဆက်သွယ် ရမယ့် တယ်လီဖုန်း နံပါတ်၊ ခေါ်ဆို တဲ့ နိုင်ငံ နဲ့ ဆွေးနွေး လိုတဲ့ အချက် အကျဉ်းချုပ် တို့ကို ပေးပို့ ဆက် သွယ် နိုင်ပါတယ်။

အီးမေးလ် ကနေ ဆက်သွယ် ချင်ရင်တော့ bbcburmese@gmail.com ကိုဖြစ်စေ၊ burmese@bbc.co.uk ကို ဆက်သွယ်ပြီး စောစောက ပြောခဲ့တဲ့ အချက် အလက်တွေ ပေးပို့ ခဲ့ရင် ဘီဘီစီ ကနေ ပြန်လည် ဆက်သွယ် ခေါ်ယူပေးမှာ ဖြစ်ပါတယ်။