_dam_in_mosul_
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မိုဆူးလ်ဆည် ပြိုကျမှာ စိုးရိမ်ရ

  • 22 ဇန်နဝါရီ 2016

အီရတ်မှာ နှစ်ပေါင်း ၃၀ကျော်ကြာရှိပြီဖြစ်တဲ့ မိုဆူးလ်ဆည်ကြီး ဟာ ပြိုကျပျက်စီးလု နီးနီးဖြစ်နေတဲ့အတွက် အဲဒီအနီးတဝိုက်က ထောင်သောင်းချီရှိတဲ့ ဒေသခံတွေရဲ့ အသက်အန္တရယ် စိုးရိမ်စရာဖြစ်နေပါတယ်။ အဲဒီရေကာတာ ပြိုကျခဲ့ရင် မိုဆူးလ်၊ တိကရစ်၊ ဆမာရာ မြို့တွေအပါအဝင် နေရာတော်တော်များများ ရေမြုပ် နိုင်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကတောင် သတိပေးချက်ထုတ်ပြန်ထားပါတယ်။ ဘယ်လောက်ဆိုးနေလို့ပါလဲ။ ကိုသက်ထွေးနိုင် ကပြောပြထားပါတယ်။