သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်အတွေးဆွေးနွေးဖလှယ် - သမ္မတ ဘယ်သူဖြစ်မလဲ

  • 28 ဇန်နဝါရီ 2016
Image caption ဘယ်လို လူမျိုးကို မြန်မာ နိုင်ငံ သမ္မတ အဖြစ် မြင်တွေ့ချင် ပါလဲ

ဖိတ်ခေါ်လိုက်ပါတယ်။

လွှတ်တော်သစ် အတွက် ဥက္ကဌ ဒုဥက္ကဌ နာမည်တွေ ထွက်လာ ပေမယ့်၊ သမ္မတ လောင်း နာမည်တွေ ကိုတော့ ထုတ်ဖေါ် ကြေညာခြင်း မရှိ သေးပါ။

ဘီဘီစီ ပရိသတ်တွေ အနေနဲ့ ဘယ်လို လူမျိုးကို မြန်မာ နိုင်ငံ သမ္မတ အဖြစ် မြင်တွေ့ချင် ပါလဲ။ လွတ်လပ် အတွေး ဆွေးနွေး ဖလှယ် အစီ အစဉ်မှာ ပါဝင် ဆွေးနွေးဖို့ ဖိတ်ခေါ် လိုက်ရ ပါတယ်။

ပါဝင် ဆွေးနွေး လိုသူတွေ အနေနဲ့ ဘီဘီစီ မြန်မာပိုင်း ဖေ့စ်ဘွတ် စာမျက်နှာရဲ့ Message Inbox မှာ မိမိနာမည်၊ ဆက်သွယ် ရမယ့် တယ်လီဖုန်း နံပါတ်၊ ခေါ်ဆို တဲ့ နိုင်ငံ နဲ့ ဆွေးနွေးမယ့် အချက် အကျဉ်းချုပ် တို့ကို ပေးပို့ ဆက် သွယ် နိုင်ပါတယ်။

အီးမေးလ် ကနေ ဆက်သွယ် ချင်ရင်တော့ bbcburmese@gmail.com ကိုဖြစ်စေ၊ burmese@bbc.co.uk ကို ဆက်သွယ်ပြီး စောစော က ပြောခဲ့တဲ့ အချက် အလက်တွေ ပေးပို့ ခဲ့ရင် ဘီဘီစီ ကနေ ပြန်လည် ဆက်သွယ် ခေါ်ယူ ပေးမှာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၃၀ ရက်နေ့ စနေနေ့ည မှာ ဆွေးနွေး ကြမှာဖို့ အချိန်မီ ဆက်သွယ် ကြပါ ခင်ဗျာ။