မာဒါယာမြို့မှာ လူ၁၆ယောက်ထက်မနည်း သေဆုံး

  • 30 ဇန်နဝါရီ 2016
MSF ဓာတ်ပုံ မူပိုင်
Image caption ဆီးရီးယားက မာဒါယာမြို့မှာ လူ၁၆ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ MSF နယ်စည်းမခြား ဆရာဝန်များအဖွဲ့ က ပြောပါတယ်။

ဆီးရီးယားက အစိုးရစစ်တပ်ဝိုင်းထားတဲ့ မာဒါယာမြို့မှာ ဒီလအစောပိုင်းက အကူအညီပေးရေး ယာဉ်တန်း ဝင်ရောက်ဖို့ ခွင့်ပြုခဲ့ပြီး ချိန်နောက်ပိုင်းမှာတောင် လူ၁၆ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ MSF နယ်စည်းမခြား ဆရာဝန်များအဖွဲ့ က ပြောပါတယ်။

အဲဒီမြို့မှာ အစာရေစာငတ်မွတ်မှုကို ခံစားနေရတဲ့ လူပေါင်း ၃၀၀ပကျော်ရှိပြီး အနည်းဆုံးလူ ၃၀လောက်ဟာ အသက်အန္တရယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

မာဒါယာမြို့ကို စစ်တပ်ဝိုင်းရံထားတာ လအတော်ကြာရှိခဲ့ပါပြီ။ ဒီကိစ္စနဲ့ပတ်သက်လို့ သောကြာနေ့က ဂျနီဗာမြို့မှာ မနေ့ကစတင်ကျင်းပတဲ့ ကုလသမဂ္ဂက အစည်းအဝေးမှာ ထည့်သွင်းဆွေးနွေးမှာ ဖြစ်ပါတယ်။ ဆီးရီးယား အတိုက်အခံဘက်က ပြောခွင့်ရ Farrah el-Atassi က တော့ အတိုက်အခံတွေဘက် စိုးရိမ်ပူပန်မှုတွေကို အနောက်နိုင်ငံတွေက ထည့်သွင်းဆွေးနွေးမယ်ဆိုတာ အာမခံချက်ရခဲ့ပြီးဖြစ်တယ်လို့ ပြောပါတယ်။

လူသားချင်းစာနာမှုဆိုင်ရအကူအညီပေးရေးနဲ့ နိုင်ငံရေးအကျဉ်းသားတွေအရေးကို အဲဒီညီလာခံမှာ အဓိကထားရမယ့် အချက်တွေဖြစ်တယ်လို့ ပြောခဲ့ပါတယ်။