syria refugees
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဆီးရီးယားဒုက္ခသည် ၁၁သန်းလောက်ရှိနေ

  • 4 ဖေဖော်ဝါရီ 2016

ဆီးရီးယား ဒုက္ခသည်တွေကို အကူအညီပေးရေး ညီလာခံ အတွက် လန်ဒန်မှာ ကမ္ဘာ့ခေါင်းဆောင်တွေ ရောက်လာနေပါပြီ။ ဒုက္ခသည်တွေအတွက် အကူအညီ ၉ ဘီလီယံ ဒေါ်လာ ရဖို့လည်း မျှော်လင့် နေပါတယ်။ စစ်ပွဲမတိုင်ခင်က ဆီးရီးယားမှာ လူပေါင်း ၂၂ သန်း နေထိုင်ခဲ့ပါတယ်။ အခုဆို၁၁ သန်း ပဲ ကျန်ရှိပါတော့တယ် ။ ဒုက္ခသည် ၄ သန်း ခွဲ က တခြားနိုင်ငံတွေကို ထွက်ပြေးခိုလှုံနေကြရပါတယ်။ လက်ဘနွန်မှာဆို လူ ၅ ယောက်မှာ ၁ယောက် က ဆီးရီးယား ဒုက္ခသည်ဖြစ်နေပါပြီ။ ဒါ့အပြင် စစ်ပွဲတွေကြောင့် ပိတ်မိနေတဲ့ ဒုက္ခသည် ၂သန်းကျော်လောက်ရှိပြီး လူ ၂သိန်းခွဲ သေကြေခဲ့ရပြီးဖြစ်ပါတယ်။ အခုလိုအချိန်မှာ ဘီဘီစီ သတင်း ထောက် တယောက် က ဒမတ်စကပ်မြို့ကို သွားပြီး စစ်ကြောင့်ထွက်ပြေးခဲ့ရတဲ့ ဆီးရီးယား ဒုက္ခသည်တွေ ရဲ့အခြေအနေ ကို သတင်းပေးပို့ခဲ့ပါတယ်။ ကိုရင်မောင် ပြန်ပြောပြထားပါတယ်။