အိမ်ဖယ်သူနဲ့ အဖယ်ခံရသူတွေ ရိုက်နှက်

  • 6 ဖေဖော်ဝါရီ 2016
Image caption တိုက်ဂါးဘီယာ စက်ရုံနားက သမာဓိရပ်ကွက်မှာ နေထိုင်သူတွေနဲ့ စည်ပင်ဆိုသူတွေကြား ထိပ်တိုက်ရင်ဆိုင်မှုဖြစ်

ခမောက်အစိမ်းတွေဝတ်ဆင်ထားတဲ့ စည်ပင်ဝန်ထမ်းဆိုသူတွေနဲ့ အဲဒီမှာ နေထိုင်ကြသူတွေကြား အချင်းချင်း လေးဂွတွေနဲ့ ပစ်ခဲ့ကြတယ်လို့ အဲဒီရပ်ကွက်မှာ နေထိုင်တဲ့ ကိုဘိုဝင်းက ဘီဘီစီကို ပြောပါတယ်။

စည်ပင်ဝန်ထမ်းတွေက ရပ်ကွက်ထဲကို မီးအမှောင်ချပြီး ခြံစည်းရိုးတွေလာခတ်၊ အိမ်တွေကို ဝင်ရောက်တိုက်ခိုက်တာဖြစ်တယ်လို့ သူကပြောပါတယ်။

အရင်ကလည်း ဦးပိုင်းမြေအဖြစ်တကြိမ်၊ တပ်ပိုင်မြေအဖြစ်တကြိမ်၊ တိုက်ဂါးဘီယာစက်ရုံပိုင်မြေအဖြစ်တကြိမ် ဆိုင်းဘုတ် သုံးကြိမ် အရင်က လာဆိုက်ခဲ့ဖူးပါတယ်။

နောက်ပိုင်းမှာ ဖယ်ပေးရမယ်ဆိုတဲ့အကြောင်းကြားစာ ရောက်လာပြီး မြေအစားပြန်ပေးမယ်လို့ ကတိပေးပြောဆိုမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

မင်္ဂလာဒုံစက်မှုဇုံက စိုက်ပျိုးရေးခြံတွေနားမှာ နှစ်နဲ့ချီ နေထိုင်တဲ့သူတွေအပါအဝင် အိမ်ထောင်စု ၄၀၀ကျော်ကို ကျူးကျော်တွေဆိုပြီး ဖယ်ရှားခိုင်းခဲ့တာဖြစ်ပါတယ်။