syria
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အနောက်အုပ်စုက ပစ်ထားပြီလို့ ဆီးရီးယားသူပုန်ပြော

  • 11 ဖေဖော်ဝါရီ 2016

ဆီးရီးယား နိုင်ငံ အလက်ပိုမြို့နဲ့ အနီးတဝိုက်မှာ လူ ၅သောင်းလောက်ထွက်ပြေးခဲ့ရပြီး အစားအစာ၊ ရေ နဲ့ ဆေးဝါးတွေ တဖြည်းဖြည်းလျော့နည်းလာနေပြီလို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က ဆိုပါတယ်။ ရုရှားက လေကြောင်းစစ်ဆင်ရေးတွေနဲ့ အထောက်အကူပေးထားတဲ့ ဆီးရီးယား အစိုးရစစ်တပ်တွေ နဲ့ သူပုန်အဖွဲ့တွေကြား တိုက်ပွဲတွေ အရှိန်မြင့်နေပြီး အနောက်နိုင်ငံတွေဆီက အကူအညီမရဘူးလို့ သူပုန်ဘက်က တပ်မှူးက ဘီဘီစီကို ပြောပါတယ်။ ကိုအောင်သွင်က အပြည့်အစုံကို ပြောပြထားပါတယ်။