သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်အတွေးဆွေးနွေးဖလှယ် - မိဘမဲ့ကလေးစောင့်ရှောက်ရေး

  • 13 ဖေဖော်ဝါရီ 2016
Image caption ဓမ္မစက္က ဦးမောင်မောင် ပင်တိုင် ဆွေးနွေး ပေးခဲ့ သလို၊ လားရှိုးခရိုင် လူကယ်ပြန် လက်ထောက် ညွှန်မှူး ဗိုလ်ကြီးဇော်မင်း လည်းပါ၀င်ပါတယ်။

နားဆင်နိုင်ပါပြီ။

မြန်မာ နိုင်ငံမှာ ခိုကိုးရာမဲ့ မိဘမဲ့ ကလေးတွေ အမြောက် အများ ရှိ နေတာနဲ့ ပတ်သက်ပြီး အခုလို ပွင့်လင်း လာချိန်မှာ အစိုးရ အနေနဲ့ ကလေး တွေရဲ့ ဘ၀ လုံခြုံမှု အတွက် ဘာတွေ လုပ်ဆောင် ပေးဖို့ လိုအပ်နေ ပြီလဲ ဆိုတာ ဆွေးနွေး ခဲ့ကြ တာပါ။

ခေတ် အဆက်ဆက် အစိုးရပိုင်း က စနစ် တကျ စောင့်ရှောက် မှုတွေ မရှိခဲ့တဲ့ အတွက် ဒီကလေး တွေကို ဘုန်းကြီးကျောင်း တွေနဲ့ ပရဟိတ ဂေဟာတွေ ကပဲ အဓိက ကယ်တင် ထား ရတာ ဖြစ်ပါတယ်။

ပင်တိုင် ဆွေးနွေးခဲ့ သူတွေ ကတော့ ဓမ္မစက္က ဦးမောင်မောင် နဲ့ လူမှု ဝန်ထမ်း ကယ်ဆယ် ရေးနဲ့ နေရာ ပြန်လည်ချ ထားရေး ဝန်ကြီး ဌာန လာရှိုး ခရိုင် ဦးစီးမှူး ဒုတိယ ညွှန်ကြားရေး မှူး ဗိုလ်ကြီး ဇော်မင်း တို့ ဖြစ်ကြ ပါတယ်။

ပါဝင် ဆွေးနွေး ခဲ့သူ တွေရော၊ မပါ လိုက်ရတဲ့ သူတွေပါ မကျန် ဘီဘီစီ ပရိသတ် အားလုံးကို ကျေးဇူး အထူး တင်ရှိ ပါတယ်။