ospital_in_maarat_al_numan
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဆီးရီးယား အပစ်ရပ်ရေး ဖြစ်နိုင်မလား

  • 15 ဖေဖော်ဝါရီ 2016

ဆီးရီးယား နိုင်ငံမြောက်ပိုင်းက ဆေးရုံ၂ ခုကိုလေကြောင်းက ပစ်ခတ်မှုတွေ ထိမှန်ခဲ့တာကြောင့် သေကြေ ဒဏ်ရာ ရမှုတွေ ရှိခဲ့ပါတယ်။

တူရကီနဲ့နယ်စပ် အနီးက ဆေးရုံမှာ လူ ၁၀ ဦးထက် မနည်း သေဆုံးခဲ့ရပြီး နယ်စည်း မခြားဆရာဝန်များ အဖွဲ့ရဲ့ အကူအညီနဲ့ လည်ပတ်နေတဲ့ ဆေးရုံမှာလည်း ၇ ဦး ထက်မနည်း သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဆီးရီးယားမှာ အပစ်ရပ်ဖို့ အမေရိကန်နဲ့ ရုရှားတို့ ပိုမိုနီးစပ်စွာ လက်တွဲဆောင်ရွက် သွားမယ်လို့ သဘောတူညီခဲ့တဲ့ နောက်ပိုင်းမှာ အခုလို ဖြစ်ပွားခဲ့တာပါ။

တခါ တူရကီကလည်း ကာ့ဒ်တွေကို တိုက်ခိုက်မှုတွေ ရှိနေပြန်ပါတယ်။ အဲဒါကြောင့်လည်း ဒီအပစ်ရပ်ရေးဟာ ဖြစ်လာပါတော့မလားလို့ သံသယတွေ ရှိလာနေပါပြီ။ ဦးဘမော်က ပြောပြပေးမှာပါ။