indo_mental
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

စိတ်ရောဂါသည်တဦးရဲ့ သောကဝေဒနာ

  • 18 ဖေဖော်ဝါရီ 2016

အင်ဒိုနီးရှားနိုင်ငံမှာ စိတ်ရောဂါဝေဒနာရှင်တသန်းလောက်ရှိပြီး အများစုဟာ လုံလောက်တဲ့ ကုသမှု မရရှိပါဘူး။ ကိုယ့်မိသားစုဝင်တွေထဲမှာ စိတ်ဝေဒနာ ခံစားနေရသူရှိရင် တချို့က အိမ်မှာ သံကြိုးနဲ့ ချည်ထားသလို၊ တချို့ကျတော့လည်း စိတ္တဇဆေးရုံတွေမှာ နှစ်အကြာကြီးသွားပို့ထားတတ်ကြပါတယ်။ အက်ဒီ ပရီရိုနီဆိုသူဟာ ဂျကာတာမြို့ပြင်က စိတ္တဇဆေးရုံတခုမှာ သံကြိုးနဲ့ချည်ခံခဲ့ရတဲ့ လူနာတယောက်ပါ။ အခုတော့ သူဟာ ပုံမှန်ပြန်ဖြစ်လာပြီး စိတ်ဝေဒနာရှင်တွေကို ကူညီဖို့ ကြိုးပမ်းနေပါတယ်။ ကိုအောင်သွင်ပြောပြထားပါတယ်။