turkey
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တူရကီမှာ တိုက်ခိုက်မှု ၂ခုဖြစ်ပွား

  • 18 ဖေဖော်ဝါရီ 2016

တူရကီနိုင်ငံမှာ ပေါက်ကွဲမှု နှစ်ခု ဖြစ်ပွားခဲ့ရာ လူ၃၀ထက်မနည်း သေဆုံးခဲ့ပြီး အများစုက စစ်သားတွေ ဖြစ်ကြပါတယ်။ ဗုဒ္ဓဟူးနေ့ညနေပိုင်း အန်ကာရာမြို့က လူ၂၈ယောက် သေဆုံးခဲ့ရတဲ့ပေါက်ကွဲမှုဟာ ကာ့ဒ် သူပုန်တွေလက်ချက်ဖြစ်တယ်လို့ တူရကီအစိုးရက စွပ်စွဲထားပါတယ်။ နောက်တနေ့မနက်မှာလည်း ကာ့ဒ်လူမျိုးအများစုနေထိုင်တဲ့ ဒီယာဘာကီယာမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုမှာ စစ်တပ်ယာဉ်တမ်းကို ထိမှန်ပြီး ၇ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။ အကြောင်းစုံကို ဒေါ်တင်ထားဆွေက တင်ဆက်ထားပါတယ်။