Top Gear
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

Top Gear ပြန်လာပြီ

  • 23 ဖေဖော်ဝါရီ 2016

ဘီဘီစီရဲ့ အကျော်ကြားဆုံး အစီအစဉ်တခုဖြစ်တဲ့ ကား ဝါသနာရှင်တွေအကြိုက် Top Gear အစီအစဉ်ကို လမယ့် မေလ က စလို့ တင်ဆက်သူ အသစ်တွေနဲ့ ပြန်လည် စတင်တော့မှာ ဖြစ်ပါတယ်။

အဲဒီအထဲမှာ Friends ဇာတ်လမ်းတွဲတွေနဲ့နာမည်ကျော်ခဲ့တဲ့သရုပ်ဆောင် Matt LeBlanc လည်းပါပါတယ်။

အဲဒီ Top Gear အစီအစဉ်ဟာ ဆိုရင် နိုင်ငံပေါင်း ၂၀၀ ကျော်မှာ ပြသရတဲ့ ပရိတ်သတ် သန်း ၃၅၀ တောင်ကြည့်ရှုကြတဲ့ အစီအစဉ်တခု ဖြစ်ပြီး အခု တင်ဆက်သူ အသစ်တွေနဲ့ ဘယ်လို ပွဲထွက်လာမလဲ ဆိုတာ အားလုံး စိတ်ဝင်တစား စောင့်ကြည့်နေကြတာပါ။ ကိုသိန်းမြတ် ပြောပြမှာပါ။