fifa_logo
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဖီဖာ ဥက္ကဌသစ် ဘယ်သူဖြစ်မလဲ

  • 26 ဖေဖော်ဝါရီ 2016

ဆွစ်ဇာလန် နိုင်ငံမှာ သောကြာနေ့က ကျင်းပတဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ ဥက္ကဌသစ်ရွေးကောက်ပွဲကို နိုင်ငံပေါင်း ၂၀၀က ကိုယ်စားလှယ်တွေ တက်ရောက် မဲပေးကြမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် အဂတိလိုက်စားမှုစွပ်စွဲချက်တွေကြောင့် ရာထူးက ဆင်းပေးခဲ့ရတဲ့ ဥက္ကဌဟောင်း ဆပ်ဘလက်တာနေရာမှာ ခန့်အပ်ဖို့ ရွေးချယ်မှာ ဖြစ်ပါတယ်။ အစက ၅ ဦးယှဉ်ပြိုင်ကြဖို့ရှိပေမယ့် တောင်အာဖရိကက မစ္စတာ တိုကျို ဆက်စ်ဝေးလ်က မပြိုင်တော့ဘဲ နှုတ်ထွက်သွားပြီ ဖြစ်ပါတယ်။ ကိုဇေယျာက ပြောပြထားပါတယ်။